ဝိုင်းမော်မြို့နယ်အတွင်း IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် ဆပ်ပြာ၊ Mask နှင့် Non-Contact Infrared Thermometer များ ပေးအပ်ခြင်းနှင့် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ကနိပိုင်တီစင်ကြိုင်စခန်း၊ မိုင်းနား AG၊ မိုင်းနားလဝမ်၊ မိုင်းနားဖွံ့ဖြိုးရေးခြံ၊ မိုင်းနားကက်သလစ် IDPs စခန်းများရှိ အိမ်ထောင်စု စုစုပေါင်း (၈၇၅) စုအတွက် (၁) အိမ်ထောင်လျှင် ဆပ်ပြာခဲ (၂) ခဲ၊ Mask (၂) ခုနှုန်းဖြင့် ဆပ်ပြာ(၁၇၅၀)ခဲ၊ Mask(၁၇၅၀) ခုနှင့် မိုင်းနားဖွံ့ဖြိုးရေးခြံ၊ မိုင်းနားကက်သလစ်စခန်းတို့ကို Non-Contact Infrared Thermometer (၂)ခုအား သွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အား အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_apr2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events