လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အရာတော်မြို့နယ်အတွင်း၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်း၊ ပြိုလဲအိမ်ခြေ (၂) လုံး၊ အမိုးလန် အိမ်ခြေ (၂၄) လုံး၊ လူဦးရေ (၁၁၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂၃၃,၁၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၉၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၂၃,၁၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာတို့အား (၂၃-၄-၂၀၂၀) ရက်နေ့တွင် အရာတော်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် အတူသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#sgg_apr2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events