လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အမှတ် (၃) ရပ်ကွက်၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် အိမ်ဆောက်တန်ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၁၀၈,၄၀၀/-) ကျပ်တို့အား (၂၃-၄-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#kcn_apr2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)