လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:ဝ၀)နာရီမှ စတင်၍ (၁၃:၀၀) နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ ကြူရွာကျေးရွာအုပ်စု၊ ကြူရွာကျေးရွာ၊ ဆင်ကြို့ ကျေးရွာ၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ထန်းငယ်တောကျေးရွာ၊ ကျောက်လှေခါးကျေးရွာနှင့် မောက္ကလံ ကျေးရွာအုပ်စု၊မောက္ကလံကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်းတို့နှင့် ပူးပေါင်းကာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)