လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၅:၀၀) မှ (၁၁:၀၀) နာရီအချိန်ထိ လွိုင်လင်မြို့၊ အမှတ် (၃)၊ မြို့လယ်ကျောင်း လူစည်ကားသည့် ယာယီပျံကျဈေး တို့တွင် အခြားငှာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါ Covid -19 ကူးစက် ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ လက်ဆေးရန် ညွှန်ကြားခြင်းနှင့် လူစု၊ လူဝေးမဖြစ်ပေါ်စေရန် ကြီးကြပ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)