လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ (၁၁:၃၀) အချိန်မှ (၁၇:၃၀) အချိန်ထိ ဖားကန့်မြို့နယ်ရှိ၊ IDPs စခန်း (၁၆) ခုမှ အိမ်ထောင်စု (၆၄၃) စုရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်ခဲ့ပြီး အဆိုပါစခန်း (၁၆) ခုရှိ အိမ်ထောင်စု (၆၄၃) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ဆပ်ပြာ (၂) ခဲနှုန်းနှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း ဆပ်ပြာ (၁၂၈၆) ခဲနှင့် Mask (၁၂၈၆) ခုတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_apr2020
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)