လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် စစ်တွေမြို့ပေါ်ရပ်ကွက်များဖြစ်သော မင်းဂံဈေးရပ်ကွက်၊ ဆတ်ရိုးကျရပ်ကွက်၊ ရွာသာယာရပ်ကွက်၊ ရွာကြီးတောင်ရပ်ကွက်နှင့် ကသဲရပ်ကွက်များသို့လည်းကောင်း၊ (၁၅:၃၀) နာရီအချိန်တွင် လမ်းမတော်ရပ်ကွက်၊ ရွှေပြားရပ်ကွက်၊ တရားသီးစုရပ်ကွက်၊ မြို့သူကြီးရပ်ကွက်၊ မိဇံရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်နှင့် အိုးတန်းရပ်ကွက်များသို့လည်းကောင်း သွားရောက်၍ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ပြည်သူများထံ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)