လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ဝင်မနားကျေးရွာအုပ်စု၊ ပျဉ်းမှော်ကျေးရွာမှ အမိုးလန်နေအိမ် (၁)လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၇၀၀ိ/-)ကျပ်တိတိအား (၂၂-၄-၂၀၂၀) ရက်နေ့ (၁၃း၅၀)အချိန်တွင်လည်းကောင်း၊ ဆင်အိုကျေးရွာအုပ်စု၊ အိုင်သားကျေးရွာမှ အမိုးလန်နေအိမ်( ၃)လုံး အိမ်ထောင်စု( ၃ )စုမှ လူဦးရေ (၁၇ )ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅၇၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၈၅၇၀၀ိ/-) ကျပ်တိတိအား (၂၂- ၄-၂၀၂၀)ရက်နေ့ (၁၄ ၀၀) အချိန်တွင်လည်းကောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#sgg_apr2020

Source:           ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events