(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ထား၀ယ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူပေါင်း၍ (၂၂-၄-၂၀၂၀) ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊  ထား၀ယ်ခရိုင်၊      ထား၀ယ်မြို့နယ်၊ ဆင်ဆိပ်ရပ်ကွက်၊ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် သပြေချောင်းကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် (Covid-19)     လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်း၊ အသိပညာ ပေးဗီနိုင်းပိုစတာများကပ်ခြင်းနှင့် ဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့ထားသောCovid-19 အသိပညာ ပေးအသံဖိုင်များဖွင့်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#tny_apr2020

Source:   တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events