COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၂-၄-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀) နာရီချိန်မှ နေ့လည် (၁၂:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့၊ နဘူးနှစ်ခြားကျေးရွာ၌ လှည့်လည်ပြီး လတ်တလော နိုင်ငံတိုင်းတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ကူးစက်မြန်ရောဂါနှင့်ပတ်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေ ပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#krn_apr2020

Source:  ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events