
မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ လူငယ်ရေးရာကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးနှင့်အတူပူးပေါင်း၍ ကဇွန်းမကျေးရွာအုပ်စုရှိ ကဇွန်းမကျေးရွာ၊ ရွာသစ်ကျေးရွာ၊ သရက်ပင်ကျေးရွာ၊ သပြေပင်ကျေးရွာနှင့် ဖလံမကျေးရွာ၊ ကော်တုံကျေးရွာအုပ်စုရှိ ကော်တုံကျေးရွာ၊ သံချောင်းကျေးရွာနှင့် ဖက်တဲကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_apr2020