လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ အင်းကုန်းကျေးရွာအုပ်စု၌ (၁၅-၄-၂၀၂၀) ရက်နေ့ (၂၂:၀၀) အချိန်တွင်ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၈) လုံး၊ အိမ်ထောင်စု (၈ )စုမှ လူဦးရေ (၃၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၇,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၇၁,၄၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၇၈,၄၀ဝ/-)တို့အား (၂၁-၄-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#kcn_apr2020
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)