လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် နမ္မတီးမြို့ရှိ၊ (ကံလ) ဧမာနွေလဘုရားကျောင်း၊ လန်ဘရော့ယန်၊ မြို့ဦးစိန်ဒေါမနစ်၊ စိန်ပေါ်ကက်သလစ် IDPs စခန်းများနှင့် မိုးကောင်းမြို့နယ်ရှိ၊ နှစ်ခြင်းမူကြိုကျောင်းနက်ကြီးကုန်းစခန်း၊ မဟောင်နှစ်ခြင်း နောင်ကိုင်တော်စခန်း၊ ကျွန်းတောနှစ်ခြင်းစခန်းရှိ IDPs စခန်းများသို့ သွားရောက်၍ Covid-19 နှင့်ပတ်သက်၍ ပြည်သူသို့ အသိပညာပေးခြင်းများဆောင်ရွက်ခြင်း၊ အဆိုပါ အိမ်ထောင်စု စုစုပေါင်း (၂၇၂) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာခဲ (၂) ခဲ၊ mask (၂) ခုနှုန်းဖြင့် ဆပ်ပြာ (၅၄၄) ခဲ၊ mask (၅၄၄) ခုနှင့် မိုးကောင်းမြို့နယ်ရှိ စခန်း (၃) ခုအတွက် Covid-19 အသိပညာပေး Flow Chart ဗီနိုင်း(၃)ချပ်တို့အားသွားရောက်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
kcn_apr2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)