ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ လေဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၌ (၁၇-၄-၂၀၂၀) ရက်နေ့၊ (၁၃:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၈၄၀၀) ကျပ်တိတိကို (၁၈-၄-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေး၊ ရွာခွဲတာဝန်ခံများနှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events