လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်အတွင်း (၀၈:၄၅) နာရီမှ (၁၀:၃၀) နာရီအထိလည်းကောင်း၊ နေဝင်းရပ်ကွက်အတွင်း (၁၀:၃၀) နာရီမှ (၁၂:၀၀) နာရီအထိလည်းကောင်း၊ အောင်ဆန်းရပ်ကွက်အတွင်း (၁၂:၄၅) နာရီမှ (၁၄:၀၀) နာရီအထိလည်းကောင်း၊ ဆရာစံရပ်ကွက်အတွင်း (၁၄:၀၀) နာရီမှ (၁၅:၃၀) နာရီအထိလည်းကောင်း၊ မြို့မရပ်ကွက်အတွင်း (၁၅:၃၀) နာရီမှ (၁၇:၄၅) နာရီအထိလည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)