လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် ဒီးမေ့ာဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု ဒေါခလိုက်လင်းကျေးရွာ၊ စံပြ (၆) မိုင်ကျေးရွာအုပ်စု စံပြ (၆) မိုင်ကျေးရွာနှင့် ဝမ်းလထွားကျေးရွာများအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#kyh_apr2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)