လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့ နံနက် (၀၉:၁၅) အချိန်မှ ညနေ(၁၅:၄၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ရဘိန်းကျေးရွာအုပ်စု၊ရဘိန်းကျေးရွာ(တောင်/မြောက်)၊ ရေပြာကျေးရွာ၊ အောင်သပြေကျေးရွာ၊ အောင်စည်နတ်ကန်ကျေးရွာ၊ ကြိမ်မျှောင်ကျေးရွာ၊ အောင်မင်္ဂလာ ကျေးရွာ၊ သာယာကုန်းကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာလိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရှိပါသည်။
#ar
#npw_apr2020
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)