လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီမှ (၁၁:၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စု၊ ဆင်ခြေရာကျေးရွာ၊ အုံတုံ ကုန်းကျေးရွာနှင့် ဥယျာဉ်ကုန်းကျေးရွာများတွင် COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_apr2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)