လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၄.၂၀၂၀)ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ အင်းကန်ကျေးရွာအုပ်စုရှိ အင်းကန်ကျေးရွာ၊ ညောင်ဂွေးဝကျေးရွာ နှင့်ကိုးရွာကျေးရွာ၊ ကင်မွန်းတောင့် ကျေးရွာအုပ်စုရှိ ကင်မွန်းတောင့်ကျေးရွာ၊ သဖန်းတောင့် ကျေးရွာနှင့် လယ်သာဝကျေးရွာ၊ ကျားဘေကျေးရွာအုပ်စုရှိ ကျားဘေကျေးရွာနှင့် ကျားကွဲကျေးရွာ၊ အနောက်ကမ်းဖြူကျေးရွာအုပ်စုရှိ အနောက်ကမ်းဖြူကျေးရွာ၊ ဘဲကျကျေးရွာနှင့် ဆားလောက်ကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_apr2020