Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ မဂူကျေးရွာတွင်(၁၀:၀၀)နာရီ၌လည်းကောင်း၊ မြစ်ပိုးကျုံစိန်ကျေးရွာတွင်(၁၂:၀၀)နာရီ၌ လည်းကောင်း၊ ကျုံစိန်ကျေးရွာတွင် (၁၃:၃၀)နာရီတို့တွင် Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေး‌ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_apr2020

Sign Up

Upcoming Events