Covid-19 နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN  Association INGO(ဂျပန်)တို့နှင့် ပူးပေါင်း၍ (၁၉- ၄- ၂၀၂၀)ရက်နေ့တို့တွင် နံနက်(၁၀း၄၅)အချိန်မှ (၁၁း၄၅)အချိန်ထိ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေရွာတွင်လည်းကောင်း၊ နေ့လည်(၁၂း၀၀)မှ(၁၂း၃၀)ထိ သံတွဲခရိုင် ၊ သံတွဲမြို့နယ်၊ သာယာကျွန်းရွာတွင် လည်းကောင်း Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြား ချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#rke_apr2020

Source:           သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events