လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် ( မဲကုန်း၊ ရွှေပန်းတော၊ ပိုးစုကြီး၊ ချင်းမြောင်၊ ကိုးအင်း၊ ရှောက်ခုံ၊ ကြာအင်း၊ ကလို့ကွင်း၊ ဇီးပင်ကွင်း )ကျေးရွာအုပ်စု (၉)စုတို့ရှိ ကျေးရွာခွဲ(၂၂)တို့တွင် (၁၇.၄.၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ(၇)လုံး၊ အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၈၉)လုံးနှင့် သာသနိကအဆောက်အဦ(၁)လုံး၊ စုစုပေါင်းအိမ်ခြေ (၉၆)လုံး၊ အိမ်ထောင်စု (၉၆)စု၊ ကျား(၁၅၉)ဦး၊ မ(၁၉၁)ဦး၊ စုစုပေါင်း(၃၅၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစီ (၇)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၃၄၀၀၀၀၀)ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုးကျပ် (၇၃၅၀၀၀)ကိုလည်းကောင်း၊ ဘာသာရေးအဆောက်အဦ(၁)လုံးအတွက် ထောက်ပံ့ရန်ပုံငွေကျပ် (၅၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၄၁၈၅၀၀၀)တို့ကို (၁၈.၄.၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီချိန်မှ စတင်၍ ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးဖြစ်ပွားသည့် ကျေးရွာအုပ်စုတစ်ခုချင်းစီသို့ ကွင်းဆင်း၍ ကျေးရွာအုပ်ချုုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_apr2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)