COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့(၀၈:၃၀) နာရီမှ (၁၄:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဇီးပွားကျေးရွာနှင့် ဥယျာဉ်ကျေးရွာများသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#mgy_apr2020

Sign Up

Upcoming Events