(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်အတွင်းရှိ မန်မိုင်ကျေးရွာတွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိ လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြန်မာဘာသာနှင့် ရှမ်းဘာသာ တို့ဖြင့်ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_apr2020
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events