Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ Masks နှင့် လက်ဆေးဆပ်ပြာများ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၆ – ၄ -၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ (IDP Camps) ကာလိုင်(၁) အိမ်ထောင်စု(၈၄)စု လူဦးရေ (၂၅၆)ဦးနှင့် ကာလိုင်(၂) အိမ်ထောင် (၁၇၅)စု လူဦးရေ(၅၆၂)ဦးတို့ကို Covid-19ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်းနှင့် အိမ်ထောင်စု တစ်စုလျှင် Mask (၂)ခုနှင့် ဆပ်ပြာခဲ (၁)တောင့်နှုန်း ၊စုစုပေါင်း အိမ်ထောင်စု(၂၅၉)စု ၊လူဦးရေ (၈၁၈)ဦးအတွက် Masksနှင့်ဆပ်ပြာများဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_apr2020

Sign Up

Upcoming Events