လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၇ – ၄ -၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ (IDP Camps) နမ့်ဖက်ကာနှစ်ခြင်းအသင်းတော် အိမ်ထောင်စု(၅၇)စု လူဦးရေ (၂၆၃)ဦးနှင့် နမ့်ဖက်ကာနယ်မြေ(၄) အိမ်ထောင်စု (၃၉)စုလူဦးရေ(၁၂၂)ဦးတို့ကို Covid-19ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက် များကို အသိပေးဟောပြောခြင်းနှင့် အိမ်ထောင်စုတစ်စုလျှင်Mask (၂)ခုနှင့် ဆပ်ပြာခဲ (၁)တောင့်နှုန်း ၊ စုစုပေါင်းအိမ်ထောင်စု(၉၆)စု လူဦးရေ (၃၈၅)ဦးအတွက် Masksနှင့်ဆပ်ပြာများဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_apr2020