လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့အတွင်းရှိ အမှတ် (၄) ရပ်ကွက်၊ မဲကနယ်တိုးချဲ့ကွက်သစ်၊ သင်္ကန်းညီနောင်၊ ဖားချာင်းရွာ၊ ဇရပ်ဖြူကျေးရွာ၊ မဲပလဲ့ကျေးရွာ၊ ဝှေးရှမ်း ကျေးရွာတို့တွင် Covid_19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ များပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများကို လိုက်နာရန် အသိပေးကြေငြာချက်များအား အရာထမ်းအမှုထမ်းများမှရပ်ကွက်များအတွင်း ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#krn_apr2020