လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉) ရက်နေ့ မွန်းလွဲ(၁၅:၀၀) နာရီအချိန်တွင် ဝန်တင်ကျေးရွာ၊ သရက္ကန်ကျေးရွာ၊ လယ်အို ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ပေါက်မြို့နယ်ဝန်တင် ကျေးရွာအုပ်စု မြသိန်းတန် ကျေးရွာ၊ လယ်အိုကျေးရွာအုပ်စု လယ်အိုကျေးရွာ၊ သရက္ကန်ကျေးရွာအုပ်စု၊ သရက္ကန် ကျေးရွာတို့၌(၁၆-၄-၂၀၁၉) ရက်နေ့၊ ညနေ(၁၈:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁၅)လုံး၊ ဘုန်းတော် ကြီးကျောင်း(၁)ကျောင်း၊ အိမ်ထောင်စု (၁၅) စုမှ ကျား(၃၄) ဦးမ(၃၄) ဦး၊ စုစုပေါင်း (၆၈) ဦးအား အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၄၀,၀၀၀/-) ကျပ်ကို ပေါက်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။

#ha_sgw
#mgy_apr2020
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events