(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ နှင့် ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ လဲဇင်ကျေးရွာအုပ်စု၊ လဲဇင်ကျေးရွာ၊ ကျောသာ ကျေးရွာ ၊တဲချောင်းကျေးရွာ၊ သပြေစမ်းကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါ ကူးစက် ပျံ့နှံ့မှုများနှင့် ပတ်သက်၍အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိ ပါသည်။

#ar
#mgy_apr2020
Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events