
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀)ရက်နေ့၊ ညနေ (၁၈:၃၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီ တို့နှင့် ပူးပေါင်း၍ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်၊ ကွယ်လွယ်ကျေးရွာ၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မရမ်းကုန်းကျေးရွာ၊ သူဌေးကုန်းရပ်ကွက်၊ မဟာစည်ရပ်ကွက်နှင့် ဦးဘချိုလမ်းမကြီးတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက် ရှိသောCOVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)