COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့ (၁၄:၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ထန်းကုန်းကျေးရွာ၊ ကုန်းသာယာကျေးရွာတို့၌လည်းကောင်း၊ ထန်းကန့်လန့်ကျေးရွာ အုပ်စု၊ အစုကြီးကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ ကနစိုကုန်းကျေးရွာတို့၌လည်းကောင်း၊ အနန်းကုန်းကျေးရွာအုပ်စု၊ အနန်းကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ အရှေ့ကုန်းကျေးရွာတို့၌ လည်းကောင်း လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_apr2020

Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events