လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၄.၂၀၂၀) ရက်နေ့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ညောင်တုန်းမြို့၊ မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင် ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်တုန်းမြို့နယ်မှထုတ်ပြန်သော ဒေသန္တရ အမိန့် အမှတ် (၂/၂၀၂၀) အား လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)