(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းခတ်မြို့ နယ်၊ အမှတ်(၁)ရပ်ကွက်၊ မိုင်းကာ(ရှေ့)အုပ်စု၊ ပါခါးလုံကျေးရွာ၊ ဖာလန်ကော် ကျေးရွာအုပ် စု၊ နမ့်တာပီကျေးရွာနှင့်၊ တုံဖကော်ကျေးရွာအုပ်စု၊ နမ့်မွဲကျေးရွာအုပ်စုတို့၌ (၁၇-၄-၂၀၂၀) ရက်နေ့ (၁၆:၃၀) ခန့်အချိန်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်း နေအိမ်(၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ ကျား(၁၄) ဦး၊ မ( ၁၀ ) ဦး စုစုပေါင်း (၂၄) ဦးတို့ လေဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၄၀၀,၀၀၀) ကျပ်ခန့် ဖြစ်ပြီး အဆိုပါ လေဘေး သင့် အိမ်ထောင်စု (၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၁) ပတ်စာ ထောက်ပံ့ငွေ (၅၀,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀) မျိုး တို့အား(၁၈-၄-၂၀၂၀)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ လက်၀ယ် အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_apr2020

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events