COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၄.၂၀၂၀)ရက်နေ့တွင် ရေကြည်မြို့နယ် အသုတ်မြို့၊​ဒေါင့်ကြီးရိုးမဒေါ့ကျေးရွာ အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာအုပ်စုတွင် (၀၈:၀၀)နာရီမှ (၀၉:၃၀)နာရီအထိလည်းကောင်း၊ ငှက်ပျော်တောကွင်းကျေးရွာတွင် (၀၉:၃၀)နာရီမှ (၁၁:၀၀)နာရီအထိလည်းကောင်း၊ ပျဉ်းကတိုးကုန်းကျေးရွာတွင် (၁၁:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ လည်းကောင်း၊ ထန်းတောကြီးကျွေးရွာတွင် (၁၃:၀၀) နာရီမှ (၁၄:၃၀)နာရီအထိလည်းကောင်း၊ တပ်မဆုတ်ချောင်ကျေးရွာတွင် (၁၄:၃၀)နာရီမှ (၁၆:၀၀)နာရီအထိ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_apr2020

Source:  ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events