COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

 
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် လင်းခေးမြို့နယ်၊ ဆုတ်ဟွေကျေးရွာ၌ ယခုလတ်တလောဖြစ်ပေါ်နေသော ကူးစက်မြန်ရောဂါ (COVID.19) နှင့်ပတ်သက်၍ ပြည်သူများသို့ ဗမာ၊ ရှမ်း (၂) ဘာသာဖြင့် အသိပညာပေးပန်ကြားခြင်း၊ ဒါးဆိပ်တံတား ဂိတ်၌ အခြားမြို့မှ ဝင်ရောက်လာသူများအား အပူချိန်တိုင်းခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_apr2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events