လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာ ပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကြပ်ကျေးရွာအုပ်စု၊ သစ်ရာပင်ကျေးရွာနှင့် ဝင်းကုန်းကျေးရွာတို့တွင် (၁၆-၄-၂၀၂၀) ရက်နေ့ (၁၄:၃၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေး ကြောင့် နေအိမ်(၂)လုံးပျက်စီးဆုံးရှုံးခဲ့ရာ မိုးကြိုးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ တစ်အိမ်လျှင်ကျပ် (၇၀၀၀၀/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၁၄၀၀၀၀/-)အား (၁၈-၄-၂၀၂၀) ရက်နေ့ (၀၉:၃၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။
#ha_tls
#sgg_apr2020
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)