လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့ (၂၀:၀၀) နာရီ အချိန်မှစတင်ပြီး ဟင်္သာတမြို့နယ်၊ ဒူးယားမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်နှင့် ညောင်ကုန်းရပ်ကွက်အတွင်းရှိ လမ်းများတို့တွင်လှည့်လည်၍ လတ်တလော ဖြစ်ပွားလျက် ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တို့ကို ရပ်ကွက်နေပြည်သူ တို့ အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)