လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့၊ (၀၀:၃၀) နာရီ အချိန်တွင် ရေဦးမြို့နယ်၊ ရွာဗုကြီးကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာ၌ ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စု စာ၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်တို့အား (၁၇-၄-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)