Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၇-၄-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီမှ(၁၈:၀၀)နာရီအထိ မိုးမိတ်မြို့နယ်၊ အထင်မန်ကျည်းပင်ကျေးရွာ၊‌ မန်ဖွယ်(ရွာသစ်၊ရွာဟောင်း) ကျေးရွာနှင့် လယ်ကြီးကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်းနှင့် အသိ ပညာပေး ဗွီနိုင်းပိုစတာ ဆိုင်းဘုတ်များ ကပ်ခြင်းလုပ်ငန်းများ‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_apr2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events