Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့ (၁၃:၃၀) အချိန်မှ (၁၆:ဝ) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဥတ္တရသီရိမြို့နယ် (၅၂) သစ်စက်ကျေးရွာ၊ မရမ်းခုံကျေးရွာ၊ တံတားဦးကျေးရွာ၊ ဆယ်သိန်းကျေးရွာ၊ ကြီးပွားကျေးရွာ၊ အောင်ချမ်းသိန်းကျေးရွာ၊ မုံနှစ်ကျေးရွာ၊ မအူလေးပင်ကျေးရွာ များရှိ ပြည်သူများသို့ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#npw_apr2020

Sign Up

Upcoming Events