
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာ၀န်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူပေါင်း၍ကျိုင်းတုံ၊ တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့အ၀င် /အထွက်ယာဉ် လိုင်းများတွင်စီးနှင်း လိုက်ပါသော ခရီးသည်များ အား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့၀မ်ဆောင်ကျေးရွာ အုပ်စု၊ ၀မ်ဆောင်ကျေးရွာနှင့် နောင်အော့ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသောCOVID -19 ကူးစက် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက် ရမည့် အချက်များကို အသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#shn_apr2020
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)