လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် ဝန်တင်ကျေးရွာအုပ်စု မြသိန်းတန်ကျေးရွာ၊ လယ်အိုကျေးရွာအုပ်စု လယ်အိုကျေးရွာ၊ သရက္ကန်ကျေးရွာအုပ်စု၊ သရက္ကန်ကျေးရွာတို့၌ (၁၆.၄.၂၀၁၉) ရက်နေ့၊ ညနေ(၁၈:၀၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁၅)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း အိမ်ထောင်စု (၁၅)စုမှ ကျား(၃၄)ဦး မ(၃၄)ဦး၊ စုစုပေါင်း(၆၈)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၃၄၀၀၀၀/-)ကျပ်ကို ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများ၊ ဝန်တင်ကျေးရွာ၊ သရက္ကန်ကျေးရွာ၊ လယ်အိုကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၇.၄.၂၀၁၉) ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2020
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)