လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်း နာယက ဆရာတော်၊ BHN Association INGO(ဂျပန်)တို့နှင့် ပူးပေါင်း၍ (၁၇- ၄- ၂၀၂၀)ရက်နေ့တို့တွင် နံနက် (၁၀:၄၅)နာရီအချိန်မှ (၁၁:၄၅)နာရီအချိန်ထိ သံတွဲခရိုင်၊သံတွဲမြိ ု့နယ် သစ်ငုတ်တိုကျေးရွာတွင်လည်းကောင်း၊ နေ့လည်(၁၂:၀၀)နာရီမှ(၁၂:၃၀)နာရီထိ သံတွဲခရိုင်၊ သံတွဲမြို့နယ် ညောင်ပင်ကွင်းကျေးရွာတွင် လည်းကောင်းလှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြား ချက်များအားပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြော ခြင်းနှင့်လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#rke_apr2020
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)