လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မာဃသဟာယ လူမှုအထောက်အကူပြု အဖွဲ့တို့ဖြင့် ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာ၊ သင်တောကျေးရွာနှင် တောင်ခင်ရန်းကျေးရွာများသို့(၁၈-၄-၂၀၂၀) ရက်နေ့(၀၈:၃၀) နာရီမှ (၁၄:၃၀) နာရီအချိန်ထိ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)