COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

​​

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၈-၄-၂၀၂၀) ရက်နေ့တွင် ပွင့်ဖြူမြို့နယ်၊ ​​စေတကူကျေးရွာ၊ ​​ကန်ဆွယ်ကျေးရွာ၊ ရွာသာကြီးကျေးရွာ၊ ​ကျောင်း​တော်ရာ(၁)ကျေးရွာ၊ ​​ရတနာပုံ​ကျေးရွာနှင့် ​ရွာသစ်ကျေးရွာများအတွင်း Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ​ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်​ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူး​ပေါင်း၍ အသိပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#mgy_apr2020

Source:  မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events