ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ (၂၃-၆-၂၀၁၆) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ ကျင်းပပြုလုပ်သည့် ကျောင်းသန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားတွင် ပြည်ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပို့ချခြင်း၊ Game ကစားခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လှုပ်ရှားမှု video ပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ အင်အား (၃၀၀) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းသား/သူများအတွက် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)