လေဘေးသင့်ပြည်သူများအတွက် ​ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မင်းဘူး(စကု)မြို့နယ်၊ ဘုမ္မနိုး​ကျေးရွာနှင့် ရွာသာယာ​ကျေးရွာတို့တွင် (၁၆-၄-၂၀၂၀) ရက်​နေ့၌ ဖြစ်ပွားခဲ့​သော မိုးသက်​လေပြင်းတိုက်ခတ်မှုကြောင့် ​​​လေဘေးသင့်အိမ်​ခြေ (၁၀) လုံး၊ အိမ်​ထောင်စု(၁၀)စုတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၃၆၀,၀၀၀/-)၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၉၀,၃၀၀/-)၊ ​စုစု​​ပေါင်း​ထောက်ပံ့​ငွေ (၄၅၀,၃၀၀/-)၊ ကယ်ဆယ်​ရေးပစ္စည်း(၁၆) မျိုးပါ အိမ်​ထောင်စု(၂)စုစာတို့အား (၁၇-၄-၂၀၂၀)ရက်​နေ့ (၁၄:၀၀)အချိန်တွင် လွှတ်​တော်ကိုယ်စားလှယ်များ၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_apr2020

 Source:  မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events