လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ (၁၇.၄.၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့ပေါ်ရှိ ကျောင်းစုအရှေ့ရပ်ကွက်၊ သာယာဝတီရပ်ကွက်၊ ဆန်တန်းရပ်ကွက်၊ ရုံးညောင်ပင် ရပ်ကွက်၊ ပန်းပဲကုန်းရပ်ကွက်၊ ယွန်းတန်းရပ်ကွက်၊ ဒါးတန်းရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ရေဝင်ရပ်ကွက်၊ တိုက်ကုန်းရပ်ကွက်၊ ငါ့မျက်နှာရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်နှင့် မင်္ဂလာသာစည်ရပ်ကွက်များသို့ သွားရောက်၍ Covid -19 ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်နေ ပြည်သူများအား Mask များပေးဝေခြင်း၊ အဆိုပါရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၁၆.၄.၂၀၂၀) ရက်နေ့၌ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၀) ပါ စည်းကမ်းချက်များကို ပြည်သူအများ သိရှိ လိုက်နာရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mdy_apr2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)