လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၄.၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ် အသုတ်မြို့၊ ကွင်းသုံးဆင့်ကျေးရွာ အုပ်စု၊ ကွင်းသုံးဆင့်ကျေးရွာတွင် (၀၈:၃၀) နာရီမှ (၀၉:၄၅) နာရီအထိလည်းကောင်း၊ ဦးတိုကျေးရွာတွင်(၀၉:၄၅) နာရီမှ (၁၁:၀၀) နာရီအထိလည်းကောင်း၊ ကုန်းတက်ကျေးရွာတွင် (၁၁:၀၀) နာရီမှ (၁၂:၃၀)နာရီ အထိလည်းကောင်း၊ သပြေကွင်း ကျွေးရွာတွင် (၁၃:၃၀) နာရီမှ (၁၄:၄၀) နာရီအထိလည်းကောင်း၊ တောင်ယာကြီးကျေးရွာတွင် (၁၄:၄၀) နာရီမှ (၁၇:၀၀) နာရီ အထိ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)