ဘိုကလေးမြို့၊ အ.ထ.က(၁၊ ၂၊ ၃) ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

(၂၂-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့၊ အ.ထ.က(၁၊ ၂၊ ၃) ကျောင်းတို့၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ အ.ထ.က (၁) မှ (၃၀၀)ဦး၊ အ.ထ.က (၂ ) မှ(၂၅၀) ဦး၊ အ.ထ.က ( ၃ ) မှ (၁၅၀)ဦးတက်ရောက် ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ပိုစတာများလည်းဝေငှပေးခဲ့ဲကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events